နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, August 13, 2010

(အကြောင်းပျောက်ရင်ခုန်သံ)

သံသရာ | 7:30 AM | Best Blogger Tips
ချစ်သူ
အလွမ်းတွေကို
စမ်းရေထဲ မမျှောတော့ပါ (စမ်းမရှိလို့)
ဘယ်သူ့ပယောဂမှမပါတဲ့
ငါဖောက်ခဲ့တဲ့လမ်းကို(တကယ်ဆိုနိုင်င်္ငတော်ကဖောက်တာ)
ငါလျှောက်ခဲ့တာပဲ။
နောင်တရစရာအကြောင်းမှမရှိတာ
ဒါပေမယ့်ချစ်သူ
ငါမသိတဲ့သူစိမ်း(တစိမ်း)တစ်ယောက်နဲ့တွဲပြီး
လှောင်ပြောင်သွားတဲ့
မင်းရဲ့မျက်နှာပေါ်က
အပြုံးတွေအတွက်တော့
ငါခံပြင်းမိတယ်။(အသုံးမှမကြတာကို)
ဘယ်တော့မှမသက်ဆိုင်တော့တဲ့
မင်းနဲ့ငါကြားမှာ
ဘာကြောင့်မှန်းမသိ
တစ်ခါတစ်လေပြန်ဆုံတွေ့ကြရင်
ရင်ခုန်သံဟာ
အရင်းနှီးဆုံးပါ ချစ်သူ။ ။(လူချင်းနီးလို့ပါ)

No comments:

Post a Comment

Related Posts with Thumbnails