ချစ်သူ
ငါချစ်သလောက်
ငါတို့ကြားမှာ
မုန်းပင်စိုက်ခဲ့သူကမင်းပါ။
ဘယ်လိုပင်
စိမ်းကားရက်စက်ခဲ့လည်း
ချစ်တာတစ်ခုနဲ့
အရာရာကို ဖြေသိမ့်ခဲ့တယ်။
အရာရာတိုင်းကို ခွင့်လွှတ်ခဲ့တယ်။
မင်းကို စွန့်လွှတ်ဖို့
တောင်းဆိုတာတောင်
ငါ…ခွင့်ပြုတဲ့အထိ ချစ်ခဲ့သူပါ။
အခုတော့
အချစ်ဆိုတဲ့
ရုပ်ဝတ္ထုမဟုတ်တဲ့ နာမ်တရားကြီးကို
ခွင့်လွှတ်ခြင်းဆိုတဲ့ ခေါင်းထဲမှာထည့်ပြီး
ငါ့ရဲ့အချစ်တွေကို မြေမြှပ်သဂြိင်္ုဟ်လိုက်ပါပြီ။
နောင်သံသရာ မင်းနဲ့ဆုံတွေ့ခဲ့ရင်
ငါ့ရဲ့ အသည်းနှလုံးတွေဟာ
သင်္ဂြိုဟ်ပြီးသားဖြစ်တဲ့အတွက်
မင်းနဲ့ မသက်ဆိုင်တော့တဲ့ တားမြစ်နယ်မြေမှာ
ငါ့ကိုလွပ်လပ်စွာ နေခွင့်ပြုပါနော်။ ။
လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်
-
ကပ်ရောဂါ တစ်တီတူးငှက် ထက်အာကာ မိုးကမ္ဗလာကိုခြေကန်ပြီး ပက်လက်လှန်အိပ်တာ မိုးပြိုမှာစိုးလို့ဆိုပဲ။ မြင်းသတ္တ၀ါ သုံးဖက်သ...
-
ခြေသံမပေး တိတ်တိတ်ကလေး ချဉ်းနင်းဝင်ရောက် အသည်းတံခါးခေါက်သူ တွေ့ဖူးမြင်ဖူး မထူးမှန်းလဲသိ ဒါပေမယ့် စူးစူးနစ်နစ်ကြည့်နေချင်တယ် ဆန...
-
` ထိပေအ်သျှင် ရှေးမူပြင်၍ အသွင်ဖေါ်ဆင်း ဒီပဲရင်း လျှင် မွေးကင်းပြန့်ပွါး ထင်ပေါ်ကြားသည် များပြည်သူ သိလေ၏ ထိပေအ်သ...
-
တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ် သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း ဆန်းစစ်ကြည့် အနှစ်ရှိသလားလို့ေ...
-
ကမာကောင် ကိုယ်တွင်းဆောင်တဲ့အမှိုက် လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။ ကာဘွန်အစု ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန် မြိန်ယှက်စွာကမ္ဘာမှာ ...
-
(အရည်ပျော်မာန) လူ့ဘ၀ လူ့လောက လောကပေါင်းစုံ ဘ၀ပေါင်းစုံ ကံကြမ္မာပေါင်းစုံကို မွေးဖွားခြင်းနဲ့ဖော်ထွင်း အတွင်းသဘောကမာနအမှောင် ...
-
(အသံပြုကြည့်ပါ) ဖြစ်ခြင်းပျက်ခြင်း အတွင်းစပ်ကြားမှာ တည်ခြင်းသဘောတရားနဲ့ ခဏတာလှုပ်ရှား အလုပ်မအားကြတဲ့ လက်ရှိရဘ၀ခန္ဓာမှာ မက်မောစ...
-
ဥပေက္ခာအယုအယ ကရ၀ိတ်ငှက်တွန်သံလို ချိုမြိန်တဲ့အချစ်ဈာန် ငါရဲ့ထံပါးက ကာပြန်ကာခဏခဏ လက်ပြနှုတ်ဆက်သွားခြင်းဟာ…။ သက်ရောက်ကိန်းအရ ...
Subscribe to:
Post Comments (Atom)
!-kp3နည်းပညာ-http:>
No comments:
Post a Comment